buddha ebook
  တရားတော်ဆောင်ပုဒ်များ
 

တရားတော်ဆောင်ပုဒ်များ

ဒါနပြုရာတွင်

(၁)     ဒါယကာတစ်ယောက်သည် မိမိချည်းသာလှူ ၊ သူတစ်ပါးတို့အား မတိုက်တွန်း ၊ ထိုသူမျိုး ဖြစ်လေရာဘ၀တိုင်းတွင် စည်းစိမ်ချမ်းသာနှင့် ပြည့်စုံ၏။ အခြံအရံကားမရှိ။

(၂)     ဒါယကာတစ်ယောက်သည် မိမိကိုယ်တိုင် ပေးလှူခြင်းမရှိ ၊ သူတစ်ပါးတို့အား ပေးလှူရန်တိုက်တွန်း ၊ ထိုသူမျိုး ဖြစ်လေရာဘ၀တိုင်းတွင် စည်းစိမ်ချမ်းသာနှင့်မ ပြည့်စုံ။ အခြံအရံကားပေါ၏။

(၃)     ဒါယကာတစ်ယောက်သည် မိမိကိုယ်တိုင် ပေးလှူခြင်းမရှိ ၊ သူတစ်ပါးတို့အားလည်း ပေးလှူရန်မတိုက်တွန်း ၊ ထိုသူမျိုး ဖြစ်လေရာဘ၀တိုင်းတွင် မိမိလည်းမချမ်းသာ။ အခြံအရံကားလည်းမရှိ။

(၄)     ဒါယကာတစ်ယောက်သည် မိမိကိုယ်တိုင်လည်း လှူ၊ သူတစ်ပါးတို့အားလည်း နှိုးဆော် ၊ ထိုသူမျိုး ဖြစ်လေရာဘ၀တိုင်းတွင် မိမိလည်း စည်းစိမ်ချမ်းသာရှိ။ အခြံအရံလည်း ပေါကြွယ်၏။

မိဘကျေးဇူးကြီးမားပုံ

အနှစ်တစ်ရာ သက်တမ်းမှာ အနှစ်တစ်ရာ သက်တမ်း ကာလပတ်လုံး ညာဘက်ပခုံးပေါ် အမိကိုတင် ၊

ဘယ်ဘက်ပခုံးမှာ အဖ ကိုတင်ပြီး အစစအရာရာ လိုလေးသေးမရှိအောင် လုပ်ကျွှေးသော်လည်း

မိဘကျေးဇူးမကုန်နိုင်ပေ။

မိဘကျေးဇူး ကျေအောင်ဆပ်နည်း

(၁)သဒ္ဓါတရားမရှိတဲ့မိဘကို သဒ္ဓါတရားနဲ့ပြည်စုံအောင်

(၂) သီလမရှိတဲ့ မိဘကို သီလနဲ့ ပြည့်စုံအောင်

(၃)မပေးရက်မလှူရက်နှမြောဝန်တိုသော မိဘကိုစွန်ကြဲပေးကမ်း လှူဒါန်းခြင်းနှင့်ပြည့်စုံအောင်၊

(၄) ပညာဥာဏ်မရှိတဲ့ မိဘကို ပညာဥာဏ်နှင့် ပြည့်စုံအောင်၊

ကောင်းစွာနာယူဆောက်တည်စေမယ် ၊ လေးလေးနက်နက် သက်ဝင်စေမယ် ၊

ခိုင်ခိုင်ခံခံ တည်တံမြဲမြန်စေမယ်ဆိုရင် မိဘကျေးဇူးကို တုံ့ပြန်ပြီးသား ၊ အကျေဆပ်ပြီးသားဖြစ်ပါမယ်။

မတုပေါသထသုတ္တာန်

 

မမေ့အပ်သော ဗုဒ္ဓသြ၀ါဒ

အားကိုးရာအစစ်ကား ဗုဒ္ဓ ၊ ဓမ္မ ၊ သံဃံ။

မိတ်ဆွေအစစ်ကား ကံ ၊ ဥာဏ် ၊ ၀ိရီယ။

ရန်သူအစစ်ကား လောဘ ၊ ဒေါသ ၊ မောဟ။

နေ့စဉ်အလုပ်ကား ဒါန ၊ သီလ ၊ ဘာဝနာ။

အမြဲနှလုံးသွင်းရန်ကား အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ။

အမြဲလက်ကိုင်ထားရန်ကား ခန္တီ ၊ မေတ္တာ ၊ သစ္စာ။




 

ဓမ္မပဒ

 

 
   
 
အွန်လိုင်းပေါ်တွင် တရားတော်များ ပြန့်ပွားရေးအတွက်အကြောင်းအရာများအားလုံးကို ကူးယူနိင်ပါသည်။ This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free